Dataset Viewer
Auto-converted to Parquet Duplicate
name
stringlengths
9
28
author
stringclasses
4 values
genre
stringclasses
4 values
orthography
stringclasses
1 value
text
stringlengths
85
2.03k
စစ်ကိုင်းမြို့ဘွဲ့ ဧချင်း
ပယ်သူငယ်စား ရှင်မြတ်ခေါင်
ဧချင်း
modernized
တစ်စင်းနေတည်၊ စစ်ကိုင်းသည်ကား၊ လျှောက်မည်စုံအင်၊ ရုဠီတင်လျက်၊ စစ်ပင်ကိုင်းကြောင့်၊ စစ်ကိုင်းတွင်သည်၊ ပြည်လျှင်မြတ်ဌာနတည့်သခင်၊ ပြည်လျှင်မြတ်ဌာနတည့်သခင်ကြီး။ စစ်ကိုင်းတောင်အောက်၊ မင်းခြောက်ယောက်တို့၊ ထီးမြှောက်စည်နှင့်၊ ဥကင်မြင့်ထက်၊ ပွင့်လတ်မည်ဟု၊ ဘုန်းစည်သမိုက်၊ သိုင်နှင့်နိမိတ်၊ မှတ်ခဲ့ဖိတ်သည်၊ ဗျာဒိတ်မိန့်တော် ရတည့...
ဆောင်းရာသီဘွဲ့ ပိုဒ်စုံရတု
ပြည် နဝဒေးကြီး
ရတု
modernized
မနွဲ့ချစ်ခင်၊ သို့ကိုစင်လျက်၊ သခင်ဘယ်ကြောင့်၊ အလွမ်းနှောင့်၍၊ မဖြောင့်ရှိလျက်၊ လကိုတွက်မူ၊ ဝါရက်ကုန်ကျွန်း၊ ဗြိစ္ဆာလှမ်းက၊ ဆန်းတန်ဆောင်မုန်း၊ ချမ်းစိမ့်တုန်းဝယ်၊ မိုးလုံးထိန်ဝါ၊ ကြတ္တိကာလျှင်၊ ယှဉ်လာစမြဲ၊ ပန်းခဝဲတို့၊ ခါပွဲချိန်သင့်၊ ညီစေပွင့်သို့။ ။ ထပ်ဆင့်နတ်တော်၊ ဆန်းလာပေါ်က၊ မပျော်ယခု၊ ချမ်းသာလု၍၊ ဓနုရာသီ၊ မိုးတိမ်...
နွေရာသီဘွဲ့ ပိုဒ်စုံရတု
ပြည် နဝဒေးကြီး
ရတု
modernized
တဆယ့်နှစ်လျှင်၊ ရာသီခွင်ဝယ်၊ နောက်တွင်ရှေ့ဦး၊ စ၍ကြူးသော်၊ ကွန့်မြူးတိမ်ခြေ၊ မင်းလွင်ဝေသော်၊ လေပြေသုတ်ဖျန်း၊ တပေါင်းဆန်းက၊ နတ်ပန်းရွှေဖီ၊ မိန်ရာသီတွင်၊ ဖူးစီငုံအာ၊ ဥတ္တရာလည်း၊ မကွာယှဉ်မှီ၊ ထွန်းအညီတည့်။ ။ ရာသီမိဿ၊ တန်းခူးလဝယ်၊ စိတြကြယ်၊ ရောင်နီကယ်လျက်၊ မိုးလယ်စံပျော်၊ ထွန်းလာပေါ်က၊ ကံ့ကော်ရင်ကတ်၊ ပင်လုံးညွတ်၍၊ ပွင့်ဝတ်ဖ...
တောင်ဝန်းလည်ရံ-ချီ ရတု
ပြည် နဝဒေးကြီး
ရတု
modernized
တောင်ဝန်းလည်ရံ၊ လက်လက်လျှံသား၊ မိုးယံတိမ်ပြင်၊ အာကာခွင်က၊ ရောင်ထင်ဝင်းထိန်၊ နှိုင်းချိန်မတန်၊ နေဗိမာန်မူ၊ ယုဂန်မျှသန်း၊ ရပ်-သုံးကျွန်းကို၊ ပထွန်းဝင်းပ၊ ဘက်မမျှတည့်၊ နဝလက္ခဏာ၊ ယူဇနာလျှင်၊ အဝါ လျှံတက်၊ ထွန်းမြဲဘက်ကို၊ ဘယ်မျက်ကြောင့်သာ၊ ခုခါတမူ၊ မတူရှေးနှင့်၊ အလွဲးကျင့်၍၊ မပွင့်ရောင်ခြည်၊ ပတ်လည်မှိုင်းအုပ်၊ ပြိုရုပ်ရုပ်တည...
ထောင့်တိုင်းစပ်ရှည် လေးဆစ်
နတ်သျှင်နောင်
လေးချိုး
modernized
ထောင့်တိုင်းစပ်ရှည်။ မြစ်ခပေါင်း၊ ပေါင်းလောင်းလက်ယာကွေ့၊ နန်းမြေ့စံတည်။ ပုပ်ပဲကဝိုက်လည်၊ မြောက်ဆီက ဆွာဖုံး။ ကြက်ညွှန်းနောင်ညီတို့၊ တရထည် မြရည်ဆို့၊ လွမ်းဘို့မဆုံး။ ။
မည်းမျှဆင်သည်-ချီ ရတု
နတ်သျှင်နောင်
ရတု
modernized
မည်းမျှဆင်သည်၊ မြသွင်ရည်ချပ်၊ ကုံး၍ထပ်သို့၊ ရှစ်ရပ်ရိပ်ဆို၊ ရွာရုပ်လိုနှင့်၊ စိတ်ကိုလာစမ်း၊ လွမ်းမလွမ်းဟု၊ တိမ်ငြမ်းဆိုင်ဝန်း၊ တင့်ရည်ဆန်းနှင့်၊ ရေးငန်းဖွဲ့ကာ၊ မရွာလှာသော်၊ ဆံကြာကေရှင်၊ လက်သင်ပင့်လျော၊ မကြောဆီရွှမ်း၊ ပတ်မြိတ်မွမ်းနှင့်၊ နေတမ်းသာလျှင်၊ မရွှင်ချင်တည့်၊ ပေါ်ပြင်ဆံမျှ၊ ပျောင်းပျမယ့်ရုပ်၊ မြင်းမိုရ်အု...
မိုးရာသီဘွဲ့ ပိုဒ်စုံရတု
ပြည် နဝဒေးကြီး
ရတု
modernized
မဖွဲ့ဖြစ်အင်၊ ညှိုးရုပ်သွင်နှင့်၊ မရွှင်မပျော်၊ ရှိလေသော်လည်း၊ နားတော်သံချို၊ မယ်လျှောက်ဆိုအံ့၊ ဝါဆိုခေါ်မှတ်၊ ကရကဋ်ဝယ်၊ နက္ခတ်မိုးယံ၊ ပြုဗ္ဗသဠ်တို့၊ လထံနီးလျက်၊ ရောင်ခြည်ရှက်က၊ ပုန်းညက်ထိန်ထိန်၊ ပွင့်ချင်းလိမ်ခဲ့။ ။ သိဟ်ရာသီလမ်း၊ ဝါခေါင်ဆန်းသော်၊ နတ်ပန်းခတ္တာ၊ ပွင့်ဝါဝါနှင့်၊ အာကာယုဂန်၊ သရဝဏ်လည်း၊ မိုးစွန်လမှီ၊ ထွန်းခ...
ရွှေနန်းကလျှင်-ချီ ရတု
ရဝေရှင်ထွေး
ရတု
modernized
ရွှေနန်းကလျှင်၊ ဂိမ္မခေါ်မှန်း၊ နွေသစ်ဆန်းက၊ ပြည့်ဝန်းပေါ်မြင်၊ လလယ်တွင်၌၊ ကျိုင်းစင်မြရည်၊ ချီမည်မူးမူး၊ သောခါဦးဝယ်၊ ရွှင်မြူးစိတ်ကြည်၊ မိန့်ခဲ့သည်မူ၊ နှစ်မည်မကြံ၊ ဆံစွန်မယွင်း၊ သက်လုံးနှင်း၍၊ လည်ချင်းဆွဲလျက်၊ မြဘယက်သို့၊ တင်ထင်၌တွင်၊ ပါအောင်လျှင်တည်း၊ ဆင်ခဲ့ဘိဟု၊ မွေးမိတူတော်၊ ရွှေလှော်စံတည်၊ မတ်မြောက်မည်လျှင်၊ စိတ်က...
လိုက်တော်မူပါ-ချီ ရတု
ပြည် နဝဒေးကြီး
ရတု
modernized
လိုက်တော်မူပါ၊ ကြင်ဖွယ်သာတည့်၊ အာကာပျံကြွ၊ ဝေမူမြကို၊ သိင်္ဂနှစ်စု၊ ပေါင်း၍တုသို့၊ ယုယုယယ၊ ငြိမ့်မြလေးပင်၊ မွတ်မွတ်စင်သည်၊ အပြင်နွဲ့ညွတ်၊ ဟင်္သာနတ်တို့၊ နန်းထွတ်အောင်စည်၊ မယ်တို့ပြည်ကား၊ သာသည်ဆန်းထူး၊ ကဲလွန်ကြူးမျှ၊ တန်ခူးသည်က၊ လျဉ့်လျဉ့်စ၍၊ သန်လ ဆောင်းလျှင်၊ မည်သည်တွင်မှ၊ သဘင်မပြတ်၊ နွေသို့ပတ်ရှင့်၊ ရွှေဝတ်ရွှေဆင်း၊ ပ...
လိုက်ပါလှည့်လော့-ချီ ရတု
ပြည် နဝဒေးကြီး
ရတု
modernized
လိုက်ပါလှည့်လော့၊ ခေါ်မည့်သောထွေ၊ ဇမ္ဗူမြေဝယ်၊ သရေခေတ္တ၊ ကျော်စောလှသော၊ ပြည့်မျာ့းထွတ်ချာ၊ နောင်တို့မှာမူ၊ သာယာစည်ဟန်၊ ရပ်သဏ္ဌာန်ကား၊ နွေသန်ဆောင်းလ၊ ဟူသမျှလည်း၊ မြမြရိပ်စဉ်၊ ခက်ကျိုင်းယှဉ်သား၊ ဥယျာဉ်၊ အုန်းထန်း၊ သစ်သီးပန်းနှင့်၊ လှလွန်းကုံးစီ၊ ဆွတ်၍သီသို့၊ လုံးညီမဖြစ်၊ မြစ်လည်းဧရာ၊ လက်ယာရစ်ပေါင်း၊ နဝင်းချောင်းနှင့်၊ သံ...
လိုက်ပါဟူလည်း-ချီ ရတု
ပြည် နဝဒေးကြီး
ရတု
modernized
လိုက်ပါဟူလည်း၊ တူမည်မထင်၊ ခေါ်တွင်ကြေညာ၊ ဟင်္သာဝတီ၊ သိင်္ဂီနန်းတည်၊ မယ်တို့ပြည်ကား၊ ပတ်လည်သာမော၊ သင်္ဘောဆိုက်လှာ၊ လေးမျက်နှာမှ၊ အသာဆန်းကြယ်၊ ရေသော်ကျယ်၏၊ ခြောက်သွယ်ရောင်လင်း၊ တရားမင်းဟု၊ ထန်ပြင်းကျော်စော၊ ရွှေမော်ဓောနှင့်၊ သင်္ဘောဘုရား၊ နှစ်ပါးစုံမှု၊ တောင်းဆုပြည့်လွယ်၊ မွေသောက်သွယ်က၊ သပ္ပာယ်လှစွာ၊ ရွှေတန်ဆာလည်း၊ ရွှေသ...
လေဝန်းကဆင်-ချီ ရတု
ရဝေရှင်ထွေး
ရတု
modernized
လေဝန်းကဆင်၊ ရွက်ဟောင်းကျင်၍၊ ညွန့်ရှင်ဝေဝေ၊ ပင်တိုင်းထွေလျက်၊ တောင်လေဖြည်းပျ၊ မင်းလွင်စသော်၊ လွမ်းရဘွယ်သာ၊ သည်အခါဝယ်၊ အတာရေသွန်း၊ တန်ခူးဆန်းက၊ ရွှင်လန်းမပျော်၊ ညှိုးလျော်ပြိုက်သွယ်၊ ရွှေများလယ်တွင်၊ ပြိုင်ဆွယ်မမျှ၊ လောကတန်ဆောင်၊ ရဲထွတ်ခေါင်ကြောင့်၊ တမ်းယောင်ဆိုကာ၊ ဖြေမသာသည် ဗျာပါဝှန်စည် ပွားတော့သည်။ နွေဆန်းစတွင်၊ စုံမ...
ကျေးစေရတု
ပြည် နဝဒေးကြီး
ရတု
modernized
လျင်ကြောင်းကျိုးရည်၊ ဘက်စံရှည်၍့၊ မျိုးစည်မဝေး၊ မဟော်ကျေးနှင့်၊ ဘိုးဘေးမိဘ၊ တကွနေမှတ်၊ ငွေတောင်ထွတ်ဝယ်၊ ရံပတ်ရွေများ၊ ရွှင်ပျော်ပါး၍့၊ ဘုန်းအားနောင့်မှာ၊ ရောက်ပေလှာသည်၊ ရုပ်ဝါမြဆင်း၊ ကျေးများမင်း ...၊ သက်နှင်းစုဝေ၊ မယ်တို့နေသည်၊ ရွှေမြေအောင်မျှို့၊ နန်းရပ်သို့လျှင်၊ ပျံတို့ချေလေး၊ မဖင့်နှေးနှင့်၊ ညီကျေးယုံနေ၊ သည်နှစ် န...
ဝမ်းနည်းမပြေ-ချီ ရတု
ရဝေရှင်ထွေး
ရတု
modernized
ဝမ်းနည်းမပြေ၊ မွှေ့ရာရွှေထက် ကြာခွေသောသူ၊ မယ့်လွမ်းမူကို ကြင်သူသက်ဝေ၊ မသိလေတည့် ဖျော်ဖြေလျက်ပင်၊ မရွှင်လှဆုံး အုံးထက်လျှမ်းပြည့်၊ နေရှာလှည့်လျက် မည်သည့်မသိ၊ ကြည့်တိတိကို မသိချိန်ခါ၊ သူကတာ၍ ရွာတော့သည်လည်း မိုးသကြား။ လျှမ်းပည်းတထွေ၊ တောင်ကလေနှင့် မြောက်လေရှက်ပြေး၊ ရောကြထွေးလျက် မြှေးမြှေးပျပျ၊ နွေလမမည် ချမ်းသည်မစဲ၊ ရာသီခ...
သစ်မပြုပြင်-ချီ ရတု
ပြည် နဝဒေးကြီး
ရတု
modernized
သစ်မပြုပြင်၊ ဆံကေသျှင်လည်း၊ မတင်ဆီမွှေး၊ ဥနှယ်မြှေးခဲ့၊ လွမ်းရေးပည်းဖြင်၊ မြစ်ခွင်တလျှောက်၊ လဲးပေါက်ပွင့်ရှိမ်း၊ ညို့ညို့စိမ်း၍့၊ ပင်ယိမ်းဖားဖား၊ ပွင့်ခက်ဖျားဝယ်၊ မြလားရီရော၊ ရွှေလျောနှိုင်းတူ၊ အူရရူလျှင်၊ သောက်ယူဝတ်ရက်၊ ပုန်းညက်၊ ကံ့ကော်၊ ရွှေလှော်စကား၊ ချယား၊ ဂမုန်း၊ ကြက်ရုံး၊ ပျဉ်းဖြူ၊ မဉ္ဇူ၊ အနန်း၊ ခပ်သိမ်းပန...
ရဝေရှင်ထွေးဆို အန်ချင်း - ၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဂေါဓမ္မဟု၊ ဇေယမာန်အောင်၊ ရပ်ရှစ်တောင်သည်၊ နှံ့အောင်ဣဒ္ဓိပတ်၊ တံခိုးလွှတ်၍၊ ချွတ်သည်များစွာ၊ ထိုသကျာကား၊ အာကာဘဝဂ်၊ လျှံထက်ပြောင်ပြောင်၊ ခြောက်ရောင်သွယ်သည်၊ မိုးခေါင်ထိလော၊ မထိလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ရိမတည်းဟု၊ ကမ္ပည်းစာစောင်၊ မှော်ကွန်းထောင်၍၊ လံဘောင်ရှစ်ဆယ်၊ ရူပကယ်သည်၊ မိုးလယ်ထိလော၊ မထိလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ လောကထွတ်ထား၊ တို့ဘုရားလျှင်၊ သားတော်မြတ်စွာ၊ ရာဟုလာကို၊ အရာခံထိုက်၊ နောက်တော်လိုက်ဟု၊ ချမ်းမြတ် ငြိမ်စွာ၊ နိဂြောဓာသို့၊ မြတ်စွာဘုန်းခေါင်၊ ထွတ်တန်ဆောင်သည်၊ ရောက်အောင်သွေစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၄
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အဇာတသတ်၊ ဒေဝဒတ်နှင့်၊ ညီညွတ်လိုတူ၊ သေစိမ့်ဟူ၍၊ ဘုန်းတူမြတ်စွာ၊ ဆွမ်းခံရာဝယ်၊ နာဠာဂီရိ၊ ဆင်ဟတ္တိကို၊ ပြင်းဘိမုန်အိုက်၊ လွှတ်တည့်လိုက်သော်၊ မျိုး၌ရင်းချာ၊ အာန္တာဟု၊ သစ္စာမုံရင့်၊ ညီဘုန်းပွင့်သည်၊ လက်ဖြင့်တားစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မြို့တောင်မှာလည်း၊ မသာစတောင်း၊ ထွက်တံဆောင်းနှင့်၊ ရောင်မောင်းဝင်းဝါ၊ အိမ်တော်သာဝယ်၊ ဂါတာသံချို၊ ရွတ်ကြဆိုလျက်၊ ပုဂ္ဂိုအရိယာ၊ ပေါင်းစီးလာ၍၊ သင်္ဃာဒိဘိတ်၊ ရွင်းတိတ်မချွတ်၊ ရှင်းရှင်းလွတ်သည်၊ အာပတ်ပြေစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သမုဒ္ဒရာဇ်၊ ဖြစ်သည်ကျယ်ဘိ၊ ရေဝယ်ရှိသား၊ ဇောတိရဿ၊ ဆွရရွကို၊ ဆက်ရသသူ၊ သည်လျှင်လူဟု၊ ဆံမြူမြွက်ဟ၊ ဆိုကြမချွတ်၊ စကားတတ်သား၊ မုက္ခပတ်သံချို၊ တောင်းပန်ဆိုလျက်၊ ပုဂ္ဂိုအရိယာ၊ မြတ်သင်္ဃာဝယ်၊ မယ်သာမေးစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ကောင်းမြတ်မူထား၊ မြတ်ထွတ်ဖျားမူ၊ မှတ်သားနားဝင်၊ ကျမ်းဗေဒင်ကို၊ ညွှန့်ရှင်ခက်ဖြာ၊ ပန်းနေဇာနှင့်၊ လက်ျာခရု၊ ဇေယတုဟု၊ အောင်ဆုမည်သာ၊ အန်ချင်းစာကို၊ ချိုသာနှုတ်ထွက်၊ ရွှေပေရွက်ဝယ်၊ တင်လျက်ရေးစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၈
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ စံမြဲစတေ၊ ပတ်စာရွှေနှင့်၊ ဝေးမြေရပ်ဖြစ်၊ ပိတ်သစ်စုလျား၊ စကားရွှေဖျင်၊ ပေါ်ရုံတင်၍၊ ရောင်ထင်မိုးဖျား၊ စွန်နားစိမ်းဝါ၊ နီထွာထွတ်ထွတ်၊ စမ္ပိကတ်နှင့်၊ ကြာနတ်အသွင်၊ မျိုးနှောင်းမြင်လျင်၊ ပျံ့ရွှင်တုမဲ့၊ ထင်ပြဲ့ပြဲ့သည်၊ အိုဘယ့်ဆံထုံး၊ ပေါက်ရွှေကုံးနှင့်၊ ဦးလုံးထိပ်ပြင်၊ အပြည့်ဆင်မှ၊ သံရွှင်ပျံ့ညှင်း၊ မပျော်လျင်းသည်၊...
ရဝေရှင်ထွေးဆို အန်ချင်း - ၉
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မြင်းမိုရ်သခင်၊ သူဇာကြင်သည်၊ နတ်ရှင်သို့လော၊ ထင်လှမောစ၊ ရှင်ဇောတူသည်၊ အမည်နာပျော်၊ မှည့်ကြခေါ်သား၊ နှောင်းမြော်နေရာ၊ ထူးအံ့လာသည်၊ တောင်ညာနန်းနေ၊ ခေါင်ဗွေထွတ်တင်၊ ထိုသခင်ဝယ်၊ ထိပ်ပြင်လက်အုပ်၊ ကိုယ်လုပ်တော်ရင်း၊ မိုးနတ်ဆင်းထီး၊ မင်းသမီးများ၊ အပါးပါးကို၊ စကားတည်းချုပ်၊ သစ္စာရုပ်၍၊ သိအုပ်လွှဲစရှာ၏လေ၊ ၊ဘော်ချင်းတို...
ရဝေရှင်ထွေးဆို အန်ချင်း - ၁၀
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဘဏ္ဍိုင်သာလွန်၊ ကြာပြန်ချူးလိမ်၊ တင်းတိမ်ရံတော်၊ မာန်အောက်ဖြောက်ကြီး၊ ဆီမီးဝင်းဝါ၊ အုံးမွေ့ရာထက်၊ နံ့သာပျံ့သင်း၊ ထုံမွှေးလိမ်းပြီး၊ အုံးပန်းမှီလျက်၊ ထမီကောင်းစစ်၊ ယွန်းဖြစ်ခြူနီ၊ မဝတ်ဤသည့်၊ မူရီလဲစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၁၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဆင်ရတနာ၊ များလှစွာသည်၊ စကြာသခင်၊ မြုတေရှင်ကို၊ သားလျင်မြင်မြော်၊ ခမည်းတော်မင်း၊ လူ့မှန်ကင်းလျင်၊ သင်းပင်းမြို့ကိုင်၊ ခရိုင်တခြား၊ ကျေးသီးစားသည်၊ သောကားမှန်ပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမွေ၊ ငြိမ်ဆေးလေသား၊ ရှင်ထွေးအလှ၊ ချောမြမြလျှင်၊ နရသခင်၊ အိမ်ရှေ့ရှင်နှင့်၊ ရှိပြင်သက်ထား၊ ရှစ်သောင်းဖျားဝယ်၊ ခစားမြဲစ ရှာ၏လေ၊ ၊ဘ...
ရဝေရှင်ထွေးဆို အန်ချင်း - ၁၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ယနေ့အပ၊ ယမန်ညလည်း၊ ချောလှညက်ပြာ၊ ဘော်တကာဝယ်၊ အညာရှေ့ဆီ၊ နေရာနီထက်၊ ထမီရွှေနှိုင်း၊ ခြူဆိုးကွက်ကတ်၊ ကြိုက်ရာဝတ်၍၊ မြိတ်လွှတ်မြိတ်ချပ်၊ မှန်နားကပ်နှင့်၊ လက်စွတ်လက်ကောက်၊ ရောင်တောက်ဝန်းရွှေ၊ ဆင်၍နေသည်၊ တင့်ပေစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၁၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ လောကထွတ်ထား၊ တရားညွန့်ရှင်၊ ဘုရင်ခေါင်ထွတ်၊ ရှစ်သောင်းနတ်လျှင်၊ စက်လွှတ်ရောင်လျှံ၊ ဘိဿိခံသည်၊ ဘော်ရံတသိန်းနှင့်တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၁၄
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဘုရင့်မင်းဖြား၊ တရားရန်အောင်၊ လူထွတ်ခေါင်ဝယ်၊ ရွှေတောင်ဗိမာန်၊ စိုးအုပ်ရံသည်၊ ဆဒ္ဓန်ဆင်နှင့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၁၅
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ နတ်ရှင်သမီး၊ ဘုန်းကြီးစံခန်း၊ တောင်ညာနန်းမှာ၊ နေမှန်းသည်ခါ၊ မသိသာခဲ့၊ အဝါကိုရောင်၊ နေဘူပြောင်သည်၊ တံဆောင်ညှိလော၊ မညှိလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၁၆
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မပန်ရလဲ မပန်ချင်၊ မဏိမလ္လာ၊ ဂန္ဓာနတ်ဖြစ်၊ ပွင့်ဝတ်သစ်ကို၊ မင်းစစ်သမီး၊ ဘုန်းကြီးနတ်ဖန်၊ ငါနှင်းရန်ဟု၊ ပန်ပေစလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၁၇
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မကြင်ရလဲ မကြင်ချင်၊ သမင်နှင့်ကျား၊ မြွေနှင့်ဘားသို့၊ ကျောက်သားကြက်ဥ၊ စံတုနိုင်းအင်၊ အရှင်နှင့်ကျွန်၊ ဘုန်းမတန်သည်၊ မှန်ပေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၁၈
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မစားရလဲ မစားချင်၊ ရွှေတင်စတေ၊ သီးမှည့်ကျွေသည့်၊ သပြေသီးကို၊ ဘုန်းကြီးနတ်တူ၊ ငါ့ဘို့ဟူ၍၊ ယူလေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၁၉
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မချစ်ရလဲ မချစ်ချင်၊ နတ်ရှင်မင်းဖြား၊ တရားကျော်စွာ၊ ဥပရာကို၊ ရှိကြာထိပ်စွန်၊ ပန်းနှယ်ပန်လျက်၊ ကျွန်နှင့်အရှင်၊ ဆိတ်နှင့်ဆင်သို့၊ ခဲအင်ထွေယူ၊ ဘုန်းမတူသည်၊ ယူလေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၂၀
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မလွမ်းရလဲ မလွမ်းချင်၊ အသျှင်နှင့်ကျွန်၊ ဘုန်းမတန်သည်၊ ပူဘန်သမ်မြန်း၊ ညှိုးလှည့်ဆန်းလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၂၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အနဂ္ဃတိ၊ တိုင်းမသိသည်၊ မဏိဇောတ၊ ပျံလွှာကျ၍၊ အလှစံတည်၊ မဲကောက်သည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၂၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အကျွန်ုပ်ကို၊ မဆိုနှင့်ဦး၊ ကျေးဇူးများမြောင်၊ ပြည်ထောင်ရာစင်း၊ မင်းတို့သမီး၊ ရံတင်ပြီးမှ၊ ပတ်ဆီးကျိုးနွံ၊ ဦးဆံကစ၊ စိုးမိုးရ၍၊ နန်းမရာထား၊ ရှစ်သောင်းဖျားလျင်၊ ဘန်များမေးမြူ၊ ရိပ်တော်မူ၍၊ မဲကြောက်သည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၂၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ရှစ်သောင်းအဖျား၊ တောင်ညာထားကို၊ သနားစိမ့်မည်၊ မယ်ဆက်သည့်တုံ၊ ရွှေစည်ထွန်းပြောင်၊ မန်အောင်ပြောက်ကွက်၊ ကျွန်ုပ်ရက်သည်၊ ကြေးငှက်စုံစီ၊ ဇာမရီနှင့်၊ ဇာနည်ခြင်သေ့၊ ရန်စွေ့သားပေါင်း၊ ဥဒေါင်းကြိုးကြာ၊ ဟင်းသာငှက်တူ၊ ခြူးသူရုတ်ဖူး၊ လွန်ဆန်းထူး၍၊ ကြည်မူးဘွယ်ပေ၊ ပြစ်မျိုးထွေသည်၊ တင့်ပေစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့...
ရဝေရှင်ထွေးဆို အန်ချင်း - ၂၄
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မယ့်ကိုလည်းယူ၊ အိမ်ဖြူသာမြင့်၊ ဝင်းနှင့်အိပ်ဘန်၊ ထားစဟန်ကား၊ ကြူးလွန်မအား၊ လူကိုထားဘိ၊ သကြားသော်မျှ၊ ကြားကထပ်လှောက်၊ ကြောက်ပင်ကြောက်လိမ့်၊ မီးပေါက်လေးမြား၊ တံခါးတိုင်းပင်၊ မြင်းဆင်ပိတ်မျှ၊ အိပ်ဖန်ချ၍၊ ထိန်းရရွှေအုပ်၊ ရံကိုယ်လုပ်နှင့်၊ ကျွန်ုပ်စံစားရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၂၅
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ယနေ့တဆက်၊ ယမန်ရက်တွင်၊ သန်လျက်ကိုင်ကာ၊ မယ်သို့ လာသည်၊ မင်းလျာ မြရည်၊ ဆီးခဲ့သည်ကား၊ ကြာချည်ပုဆိုး၊ ထိမ်မီးခိုးသို့၊ တင့်နိုးအကျော်၊ အင်းကျီတော်လည်း၊ ရွှေလှော်ဆင်းဝါ၊ ခတီပါတိ၊ နှိုင်းရာမများ၊ မြဘက်ခါးကို၊ များများမဖေါ်၊ တချမ်း ပေါ်နှင့်၊ ပေါင်းတော်စိန်ပန်း၊ မြို့လွန်းထွန်းမျှ၊ ကြိုင်မွှန်းပျံ့လှောင်း၊ ရွှေပေါင်း...
ရဝေရှင်ထွေးဆို အန်ချင်း - ၂၆
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ယနေ့အပ၊ ယမန်ညလည်း၊ ဇောတမဏိ၊ ရွှေတိဆင်ယင်၊ ရိပ်ရိပ်မြင်က၊ မရွှင်ညွတ်ပျောင်း၊ ကြည့်မိညောင်းစွ၊ နန်းလောင်းရာထား၊ သကြားနှိုင်းရှဲ့၊ ပြိုင်တုမဲ့သည်၊ အိုဘဲ့မင်းသား၊ မြဘက်ခါးနှင့်၊ ရှောင်ကြားတော်တွင်၊ ဆံကျင်ပြည်ထိ၊ ဘက်မရှိတည့်၊ ကာသိခေါမ၊ ဂေါထုမ္ပမှ၊ ကျသည့်ပုဆိုး၊ မင်းဝတ်ရိုးလည်း၊ ကဲမိုးထုလွတ်၊ ဘိုးသိန်းခတ်နှင့်၊ ဘယ်န...
ရဝေရှင်ထွေးဆို အန်ချင်း - ၂၇
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အစေ့မစိုက်၊ ရေမတိုက်သား၊ မြေ၌ညွှန့်ရှင်၊ ထိုသစ်ပင်ဝယ်၊ မြူးရွှင်သာကြည်၊ နားလှာသည်လည်း၊ တောင်ရျည်မြီးလှ၊ ငှက်ညိုမြကို၊ ရလိုမူကား၊ အယူသင့်လှ၊ လုံ့လပြင်းနှင့်၊ မှန်ခြင်းဥပဒေ၊ ထောင်ပါလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၂၈
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သမုဒ္ဒရာ၊ ဂင်္ဂါမြစ်တွင်း၊ ငါးမင်းကြီးစွာ၊ အာနန္ဒာကို ၊ အသာလွယ်ကူ၊ ရလိုမူကား၊ ရေးယူပြင်နား၊ မြို့သမားနှင့်၊ တားပါလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၂၉
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သပြေမြရိပ်၊ ဇမ္ဗူထိပ်ဝယ်၊ တကျိပ်ရင့်စင်၊ ဆတ္တရှင်ဟု၊ မင်းတွင်မင်းမြတ်၊ ကျွန်းလုံးပတ်သည်၊ မန္ဓာတ် သည်းချာ၊ ဥပရာနှင့်၊ သည်းလျာစိတ်တူ၊ စံလိုမူကား၊ ထိန့်ဆူကျေညာ၊ ရင်မျက်နှာဝယ်၊ စကြာမင်းဘ၊ နရထိပ်တင်၊ တောင်ငူရှင်၏၊ ကျွန်တွင်တယောက်၊ စံတင်လောက်သည်၊ ပြိုင်ထောက်မပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမြော်၊ ကျင်ပျော်စလှ၊ ရှင်ထွေးမ...
ရဝေရှင်ထွေးဆို အန်ချင်း - ၃၀
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဇာနည်မာတင်၊ စီးတော်ဆင်ထက်၊ ရွှေစင်လှော်သစ်၊ ဇမ္ဗူရဇ်တိ၊ မျက်နှစ်ရတနာ၊ မင်းတန်ဆာနှင့်၊ ခါးမှာလျလျ၊ ရင်ဝကားကား၊ ကျောသားလုံးလုံး၊ လက်ရုံးထွန်းပေါ်၊ ကိုယ်တော်ကျိုင်းကျိုင်း၊ တပိုင်းမြမြ၊ ဆင်းရူပမူ၊ သူဇာ့ငယ်ကြင်၊ မြင့်မိုရ်ရှင်လည်း၊ သို့စင်မတင့်၊ ကြီးမြင့်သပ်သပ်၊ လုံးရပ်ဖြိုးဖြိုး၊ တင့်မျိုးမက၊ မြော်ပါရဟု၊ ချင်းတဝန...
ရဝေရှင်ထွေးဆို အန်ချင်း - ၃၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ရှုမြော်ကာမျှ၊ အဆတန်ရည်၊ စံတည်ရွှေရေး၊ သန္ဒေးရောင်တင်၊ ရွှေစင်စလောင်း၊ ငွေလောင်းပုံသွန်း၊ ကြာလင်ပန်းနှိုက်၊ ကြိုင်မွှန်းနံ့မွှေး၊ ရသေးထမင်း၊ ဆိမ့်ချိုဟင်းလည်း၊ စုံသင်းပျံ့ လှောင်း၊ မပေါင်းကျစ်ကျော်၊ ဆီပေါ်နေလှပ်၊ ယိုသနပ်နှင့်၊ နှစ်ထပ်မလှုံ့၊ မသိုးမုန့်က၊ စသည့်တထွေ၊ သရေကရာ၊ သကာအုန်းသီး၊ လုပ်မှပြီးသာ၊ မကြီးအတန်၊...
ရဝေရှင်ထွေးဆို အန်ချင်း - ၃၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ စားတော်နှစ်ခြိုက်၊ စားစဉ်ကြိုက်ဝယ်၊ ယောင်မြိုက်ငြိမ့်လေး၊ စားတော်ကြွေးသည်၊ ကြိုင်မွှေးနံ့ကျော်၊ မြတ်အာဘော်နှင့်၊ သောက်တော်ရေစစ်၊ အိုးသစ်မြူတာ၊ ပဝါပြောက်ထိုး၊ မိုးကြိုးဘလား၊ ရွှေမပြားကို၊ တည်ထားနှင့်ပေ၊ ဘော်ရွများလယ်၊ ပျိုဘုန်းကြွယ်ကို၊ ပြုံးရယ်သံချို၊ ပြ၍ဆိုလျက်၊ နောင်ညိုမြဝါ၊ နန်းလောင်းလျာဟု၊ နေရာထားစ၊ ရှာ၏လေ...
ရဝေရှင်ထွေးဆို အန်ချင်း - ၃၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မယ့်ကိုသနား၊ ဘူးချင်ညား၍၊ တရားကျော်ထင်၊ မယ့်သခင်သည်၊ သဘင်ညပွဲ၊ ဗြဲတိုက်ဗြဲက၊ နက်နှဲခြင်းရာ၊ မိန့်တော်စာကို၊ ပေးလှာသတတ်၊ လေ့ကျက်ဘတ်မှ၊ စံလွတ်မည်သာ၊ သရယဇာဟု၊ နိုင်းရာဘက်ကင်း၊ မြင်းများမင်းနှင့်၊ လျင်ပြင်းကိုင်ချုပ်၊ ကစားရုပ်ကို၊ ကျွန်ပ်တို့က၊ မြော်သာစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၃၄
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ခရိုင်သခင်၊ ရပ်ထင်သာလှ၊ မြို့ပြဆင်ခြင်း၊ လုံးရင်းလောက်တင့်၊ နန်းနှင့်ရိပ်ဖြူ၊ ဇမ္ဗူ ကျွန်းစည်၊ အပြည်ပြည်ကို၊ စိုးမည်မင်းဖျား၊ ကျွန်တော်များနှင့်၊ ပျံလွှားနင်းဆွန့်၊ မြူးကွန့်လျင်စွာ၊ သရာဇာထက်၊ ဆည်းစာမှိုင်းပြီ၊ ညချမ်းရီတွင်၊ ဂူလီသဘင်၊ နန်းရှေ့တွင်နှိုက် ၊ ကစားကြိုက်တည့်၊ ပြိုင်ထိုက်မထင်၊ ရိပ်ကာမြင်က၊ သခင်ကြီးအ...
ရဝေရှင်ထွေးဆို အန်ချင်း - ၃၅
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မြို့တောင်ညာဝယ်၊ အိမ်သာတော်ပါး၊ ရစ်ဝဲနား၍၊ တရားပွင့်ရန်၊ နန်းလောင်းကျွန်ဟု၊ နှုတ်မြန်သံချို၊ ကြိမ်းပဆိုလျက်၊ ညိုညိုဖန်ရွှမ်း၊ တုကျွန်းစံတည်၊ တမည်မပြား၊ ကျေးမြလားကို၊ သနားချစ်အောင်၊ ပျားလက်ဆောင်နှင့်၊ စာစောင်ရွှေပေ၊ မယ်သို့စေသည်၊ ညီပေစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၃၆
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဆွဆံစည်းနှင့်၊ စုလည်းထုံးစ၊ ငယ်ကပင်လျင်၊ မြမြချောမွတ်၊ ပြာထွတ်ထွတ်ကာ၊ မြိတ်လွတ်ထုံးအောင်၊ အိမ်ထောင်မင်းနေ၊ ရာဆွေမမြူ၊ မျိုးရည်တူလည်း၊ လူမခန်လျင်း၊ တင်းမျှမနာ၊ စေပါမရ၊ ကိုဆုံးမ၍၊ ချောလှရွယ်ပျို၊ တင့်မောညိုသည်၊ စွမ်းကိုမြဆင်း၊ အိမ်ရှေ့မင်းကြောင့်၊ နန်းခင်းမြို့ချာ၊ မယ်နေရာနှင့်၊ ဟံသာပူရ၊ ဌာနအောင်မြေ၊ နန်းဘုံရွှေ...
ရဝေရှင်ထွေးဆို အန်ချင်း - ၃၇
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အခံမိုးကြိုး၊ ဆင်စွယ်ရိုးနှင့်၊ အဘိုးကြီးဘိ၊ ရောင်ညီးပွတ်စင်၊ ယွန်းကြေးမြင်ဝယ်၊ ကေရှင်သွယ်နွဲ့၊ အိုဘဲ့ဆံထုံး၊ မြရစ်လုံးဝယ်၊ ရွှေကုံးဆောင်လေ၊ သေလျက်ကိုလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၃၈
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ တောင်ငူသခင်၊ နတ်ရှင်ရန်ကဲ၊ မင်းရဲလဲဟူ၊ သီဟသူဟု၊ ရိပ်ဖြူကာမိုး၊ ရှင်ပင်တိုးဝယ်၊ ကောင်းရိုးမှတ်အပ်၊ ပြည်ရွာကွပ်၍၊ မွမ်းထပ်မြို့ခိုင်၊ ကျေးသီးပိုင်သည်၊ ဆွယ်ပြိုင်မဲ့လျင်း၊ ကျွန်တော်ရင်း၏၊ ရင်တွင်းနှောင်းမွှေး၊ သမီးထွေးက၊ တင်မေးချင်းရာ၊ လျှောံရလှာဟု၊ လိမ္ပာတတ်ဖြား၊ ကျေးမြလားသည်၊ စကားညောင်လေ၊ သေလျက်ကိုလေ၊ ၊ဘော်ချင်...
ရဝေရှင်ထွေးဆို အန်ချင်း - ၃၉
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သဘင်မထွက်၊ ဘယက်မဝတ်၊ မျိုးမြတ်နတ်ရည်၊ စံလှည့်သည်ကား၊ ဘုန်းရည်မြတ်မျိုး၊ မင်းစိုးမြတ်လွန်၊ တောင်စွန်ညာသား၊ ရှစ်သောင်းဖျားကို၊ ခံ့ညားစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၄၀
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ပျော်ဘွယ်တိသား၊ ညိုညာပြိုးပြက်၊ မျက်နှာကြက်ထုံ၊ ကောင်ရက်တတ်လှ၊ ဆောင်းလမိုးကြယ်၊ စမ္ပယ်သွယ်နှင့်၊ ဆင်စွယ်ဝန်းရှက်၊ ပြောက်ကွက်မွှေ့သိမ်၊ တင်းတိမ်ရံဆီး၊ သိဝင်ဝင်းဝါ၊ ဘှုံမွေ့ယာထက်၊ မင်းလျာရယ်ညောင်း၊ နန်းပွင့်လောင်းသည်၊ ရှင်နှောင်းစံရာ၊ ဘူးအံ့လာသော်၊ ရာဇာများရှင်၊ မရောက်ခင်၊ မယ့်ရင်တော်မှာ၊ ခါသာပိတ်တွန့်၊ ရွန့်ရွန...
ရဝေရှင်ထွေးဆို အန်ချင်း - ၄၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ရယ်ဘတ်မောသည်၊ ဘွဲ့ချောနတ်ရုပ်၊ ရံကိုလုပ်တို့၊ ကျွန်ုပ်တို့နား၊ ညည့်ဝယ်ကြားသည်၊ ပျော်ပါးသာရွှင်၊ ပြည့်စွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၄၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဗြဲတိုက်ဗြဲဝယ်၊ အန်ပွဲကြီးလှ၊ ကျော်ပေါက်ပြ၍၊ တရာ့တဆူ၊ ဆောင်းဘက်မူသည်၊ ထီးဖြူရာစင်း၊ အမင်းမင်းတို့၊ ခြေရင်းတော်ပါး၊ ဘရားကျော်စွာ၊ မည်သာပည်းလှိုင်၊ လုံလမှိုင်ဟု၊ လေးဆိုင်ကျွန်းစည်၊ အပြည်ပြည်ကို၊ စိုးသည်မင်းဖျား၊ နားတော်ကြားတည့်၊ သနားစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၄၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သီဟိုကျွန်းမှာ၊ စွဲလက်ျာကို၊ သူရာနတ်ရုပ်၊ ရံကိုလုပ်နှင့်၊ ကျုနုပ်ရောက်အောင်၊ တန်ဆောင်မျက်ပါး၊ ချမည်သွားသော်၊ ရွှေသားရွှေရည်၊ လမ္ဘူလည်တက်၊ နေခြည်မကြောက်၊ ရိပ်ပြောက်မတိုး၊ ကာမိုးချမ်းငြိမ်၊ တင်းတိမ်စဝှက်၊ ကြိုးနှစ်ဘက်နှင့်၊ ကျေးငှက်အသွင်၊ ကသာဆင်ထက်၊ သာရွှင်ဖျော်ပြည်၊ ယုယနေလျက်၊ ရပ်မြေတကျွန်း၊ ဝေးလှလွန်း၍၊ ပန်းရှ...
ရဝေရှင်ထွေးဆို အန်ချင်း - ၄၄
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အရှေ့ဘက်မှာ၊ ထွန်းတက်ရောင်ခြည်၊ သရသည်ဟု၊ နှစ်မည်ထွတ်ခေါင်၊ မြတ်ညီနောင်သို့၊ ရည်ဆောင်ပျော်ပါး၊ ရှိခိုးသွားသော်၊ ဖူးရားမွှေးထုံ၊ နဝဂုဏ်တိ၊ မျက်စုံရတနာ၊ မဲ့ဝယ်ပါသည်၊ ရောင်ဝါလှတင့်၊ ပန်းကိုးဆင့်ကို၊ ဘုန်းရင့်မြတ်လောင်း၊ လိုက်လှာတောင်း၍၊ ရှင်နှောင်းမြမြ၊ ရှင်ထွေးလှသည်၊ ဝေငှပေးစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို...
ရဝေရှင်ထွေးဆို အန်ချင်း - ၄၅
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ယွန်းချွန်စက်သွား၊ မိုးကြိုးဓါးကို၊ နံပါးမျှောင်ကာ၊ မယ်သို့လာသည်၊ မင်းလျာကျွန့်၊ သခင် တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၄၆
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အဆင်းသူဇာ၊ ကြည့်မည်လာသည်၊ နေရာချပေ၊ ဒီကနေဟု၊ အုပ်ထွေပုံရင်၊ နန်းးရင်ပြင်ဝယ်၊ နှောင်းမြင်မယ့်ကို၊ နှုတ်သံချိုနှင့်၊ ဆိုပါလည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၄၇
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ တို့ဘိုးတို့ဘွား၊ များသည်သခင်၊ ဘုရင်ကြီးသွေး၊ နယ်ရှင်မြေးလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၄၈
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သန်လျက်ရပြီး၊ မြင်းယဉ်စီး၍၊ စောထီးမင်းလျာ၊ ကျွန်ုပ်မှာသို့၊ ဆိုက်လှာသောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၄၉
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဝေးရပ်ကျွန်းစည်၊ သင်းကွဲပြည်မှာ၊ ရွှေရည်တိုင်ပေါက်၊ ရုပ်မျိုးကောက်သည်၊ အပြောက်စုံလင်၊ ဇာပရင်တိ၊ နီစင်ထွတ်ထွတ်၊ သက္ကလတ်ကို၊ ကံပတ်ဘိအုပ်၊ တရုပ်ချည်စုံ၊ ချုပ်တုံထပ်သည်၊ သတောင်းလည်မှ၊ မွှေးကြည်လှိုင်မြတ်၊ သီးပွင့်လွတ်သား၊ ပန်းဝတ်မွေ့ယာ၊ ကြီးမြင့်စွာထက်၊ မယ်သာလည်းဟ၊ မိတည်းနှောင်သော၊ နောင်တော်နောင်သော်၊ ပွင့်လျာလျင်...
ရဝေရှင်ထွေးဆို အန်ချင်း - ၅၀
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ လေသာဖြည်းညင်း၊ ခန်းသာတွင်းဝယ်၊ အန်ချင်းဆိုစ၊ ဆယ်နှစ်ကလျှင်၊ မြမြတင့်နေ၊ စုလည်းခွေဝယ်၊ စရွှေရောလျှံ၊ နီဖလံကို၊ တတ်ကြံမွေ့သိမ်၊ ပန်းတိမ်လုပ်သည်၊ ပရိတ်ချည်နှင့်၊ လိမ်လည်ကွေးမျှ၊ ငြိမ့်လေးပင်ကောင်း၊ သခင်နှောင်းသည်၊ သွယ်ပျောင်းနွဲ့စရာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဝေးရပ်ကျွန်းမှာ၊ ချစ်မေတ္တာကြောင့်၊ သူဇာနှိုင်းဆို၊ တင့်ရွယ်ပျိုလျှင်၊ နောင်ကိုစုံမက်၊ သေသောတက်ကား၊ အသက်ရှင်ကြောင်း၊ ယူကောင်းပဓူ၊ မှတ်သောထွေဖြင့်၊ သဒ္ဓေဝရ၊ ရှင်ထွေးလှကို၊ ပေါက်ပြကျော်စော၊ မင်းစီးဝေါနှင့်၊ လျှင်ဆောမကြာ၊ ဆောင်ယူလှာသည်၊ ခြင်းရာသူထက်ထူးစွလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အန်ချင်းတော်ကို၊ ပြောချေဆိုမူ၊ မြင်းမိုရ်လတ်မှာ၊ အသူရာနှင့်၊ ဒေဝအိန္ဒ၊ ထိုးသတ်ကြသော်၊ နာဂရာဇာ၊ သုမိတ္တာနှင့်၊ ဧရာဝဏ္ဏ၊ ဆတ်ဒန္တလျှင်၊ ကြီးလှတန်ခိုး၊ စွယ်ဖျားကျိုး၍၊ နေမျိုးရှင်သား၊ သကြားပေးသ၊ မယ်မှာရသည်၊ သိင်္ခရွှေမှန်၊ တသိန်းတန်ကို၊ နှောင်းစွန်စာကျမ်း၊ တတ်သည်တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဆယ်နှစ်အဝင်၊ လူကိုပြင်နှင့်၊ ရုပ်သွင်နတ်ချော၊ မြေ့ချောအသရေ၊ ရဝေရှင်ထွေး၊ ကြေညာမွှေးသည်၊ ငြိမ့်လေးဘွဲ့သည်၊ အန်ချင်းတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၄
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ပလ္လင်ပေါက်မြောက်၊ မာန်စစ်ရောက်သည်၊ ပျောက်လေရှင်းရှင်း၊ နိုင်လိုက်လျင်းမှ၊ အကြွင်းမဲ့အောင်၊ ဘုံဖြင့်ဆောင်သည်၊ ခြောက်ရောင်ဖြာနှင့်၊ စကြာနှင့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၅
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ လေးကျွန်းတန်ဆောင်၊ ဘုရားခေါင်လျင်၊ ရွှေတောင်သိင်္ခါ၊ ရတနာဗိမှာန်၊ စိုးအံ့ရံသည်၊ ဆတ်ဒန်ဆင်နှင့်၊ ယည်သည်နှင့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၆
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဘုရင်ခေါင်နှင့်၊ တန်ဆောင်ဆက်မှတ်၊ ရှစ်သောင်းထွတ်ကား၊ စက်လွှတ်ရောင်လျှံ၊ ဘိဿိခံသည်၊ ရံတသန်းနှင့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၇
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ တို့ရည်းစားလျှင်၊ ယောက်ျားပီသ၊ စကြာရသို့၊ တင့်လှအခေါင်၊ ကြူးလှည့်သောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၈
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ နှစ်တရာမှ၊ တခါပွင့်သည့်၊ မုံရစ်ပန်းကို၊ မပန်ရလည်း၊ မပန်ချင်၊ ခဲအင်စောင်ထား၊ ပန်းထွတ်ပြားလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၅၉
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဆင်ပျံဆဒ္ဓါန်၊ ရထိုက်ရန်ကို၊ မချန်ရလည်း၊ မချန်ချင်၊ ထိပ်ပြင်လက်ထား၊ အရှင်သားလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၀
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ရေမြေသခင်၊ နတ်ရှင်နှစ်ပါး၊ လူထွတ်ဖျားလျှင်၊ ငသားနှင့်ကျွန်၊ မထိုက်တန်ဟု၊ ရံဘန်မေးမြူ၊ ရိပ်တော်မူမည်၊ မဲကျောံသည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သခင်ရင်းဟု၊ ကျွန်းတွင်းမြန်ပြည်၊ ဇမ္ဗူလည်၍၊ စက်ချည်ဝါ၊ ပြောဆရာ၊ သည်လျာရှိလော မရှိလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သခင်မင်းမှာ၊ ကျွန်ခံပါသည်၊ ကြီးစွာမည့်ရည်၊ ထီးစီမြို့ကျေး၊ လျင်စွာပေး၏၊ မလေးပန်းထု၊ ရှင်ပုမွှေးချော၊ မြတ်လှမောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဇမ္ဗူရစ်တေ၊ ရွှေဘိတဆန်း၊ လင်ပန်းမနော၊ သင်္ချောမြစွန်း၊ ပျံ့ဖွန်းရည်လေး၊ သန္ဓေထူးခြား၊ ပတ္တမြားဘိ၊ ကိုးပါးမျက်စီ၊ သင်္ခီရည်ပျောင်း၊ စလောင်းဘက်လွှတ်၊ နဝရတ်နှင့်၊ ရဲထွတ်စံတင်၊ ဆဒ္ဒန်ရှင်ကို၊ နှောင်းမြင်ငြိမ့်လေး၊ စားတော်ကျွေးသည်၊ ချစ်ရေးအရ၊ ယူသည်တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၄
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ တောသုံးထောင်ကို၊ ကုန်အောင်စောင့်တတ်၊ ချင်သေ့နတ်ကို၊ ငငိသတ်သွေးခဲ၊ မင်းရဲသီဟ၊ ချင်ချက်ရသို့၊ တေဇပြင်းထန်၊ တင့်မောဟန်ကို၊ ယုံကျွန်မယ်သို့၊ လျှောက်လှာသော့လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၅
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ သေနတ်မီးပေါံ၊ တထောင်လောက်နှင့်၊ တယောံမကျန်၊ နန်းလောင်ကျွန်းတိ၊ ဖြစ်ဘိသည်လည်း၊ ဆံရှိတစ၊မရှနတည့်၊ ဓမ္မဘုန်းဝှန်၊ ရွယ်တိုင်းမှန်က၊ ငြင်းသန်ကြလျက်၊ နတ်လက်နက်ဆို၊ တဘက်ထုတ်ချင်း၊ ပေါံသောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၆
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ငါးရာခြောက်ဆက်၊ ဘုံနန်းထက်ဝယ်၊ စုံမက်မြတ်လေး၊ မေတ္တာပြေးလျက်၊ ဥဒေးဒယ၊ ပေးဒယကို၊ နေ့ညမချန်၊ စီးဖြန်လျက်က၊ ဘေးရန်ကင်းပျောံ၊ မဖောံမြလှ၊ ဧကန္တလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၇
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဓမ္မစကြာ၊ တရားသာလို၊ မဟာဇိန္န၊ နှုတ်တော်ဟ၍၊ အဂ္ဂနိဌ၊ ဗြဟ္မာ့ပြည်လုံး၊ သတင်းသုံးသား၊ ပတ်ကုံးခညွတ်၊ အဘယ်နတ်သည်၊ ပြိုပြက်ထွေငေါ်၊ တရားတော်ကို၊ နုမော်ဒန၊ တတ်လှသည့်နည်း၊ မိတည်းညီတော်၊ နောင်တော်ဖွင့်ရန်၊ မြဲမှန်မရှုပ်၊ အထွတ်ချုပ်သား၊ ကျွန်ုပ်မေးသည်၊ ချစ်ရေးထပ်ပြန်၊ လောင်းသည်တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၈
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ နဂါးပတ်လှေ၊ ပေါ်လေရာဝယ်၊ မင်းခြေရဲကျော်၊ စိတိုင်းပေါ်ဟု၊ နားတော်လျှောက်သည်၊ ဝမ်းမြောက်မတ်တို့၊ မြူးသည်တည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၆၉
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ လှေကိုဆယ်တင်၊ ဘုန်းဖြင့်ငင်၍၊ နတ်ရှင်ပဝရ၊ လောကမှန်ကူ၊ စီးတော်မူသည်၊ ဘယ်သူမမြင်၊ ကြင်အံ့တည်းလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၀
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဝေဘူလမှ၊ ဇောတရတနာ၊ ပျံကျလှာ၍၊ တောံပါတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ လောကမှန်ကူ၊ စီးတော်မူသည်၊ ဘယ်သူမမြင်၊ ကြင်အံ့တည်းလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဝေဘူလမှ၊ ဇောတရတနာ၊ ပျံကျလှာ၍၊ တောံပါတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ကိုနှင့်မတန်၊ ငါနှင့်ရန်ဟု၊ ဝေယန်နန်းမှာ၊ သူဇိတာက၊ ယူလှာလေမည်၊ မယ်စိုးသည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၄
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ လက်ထပ်အိုနှင်း၊ တံဘိုးအဖြည်၊ ပေးပါလည်ဟု၊ နှိုင်းရည်မတင်၊ မြထွေးရှင်ကို၊ ဆောလျှင်မနေ၊ လျှောံစာခွေနှင့်၊ စေပါမည်လည်း၊ ရှစ်သောင်းထွတ်ဖျား၊ နတ်သိကြားက၊ ဖန်များမေးမြူ၊ ရိပ်တော်မူမှာ၊ မယ်စိုးသည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၅
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ နန်းပွင့်လျာမှာ၊ မကွာမကွင်း၊ ယခုရင်းမှ၊ ရာစင်းစကြာ၊ စံသောခါဝယ်၊ ရှိကြာလက်အုပ်၊ ဆယ်ချောင်းရုပ်၍၊ ကျွန်ုပ်လျှောံသည်၊ ယင်းအမည်နှင်၊ ရွှေရည်ဇဝါ၊ ဝေါပလာဝယ်၊ လျင်ဆောလျှောက်ကြား၊ ချစ်စကားလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၆
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အမတ်ကြီး၏၊ တမိသက်တင်၊ မြတ်နှောင်းမြင်လျှင်၊ ပန်းသွင်ထိပ်ဝယ်၊ ရစ်ဆင်ချယ်သား၊ ဘုန်းကြွယ်သီဟ၊ တပိုင်းမြကို၊ ဘုဿယာဉ်စံ၊ ရထားခံ၍၊ လှံပျံရောက်အံ့၊ များမငံ့လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၇
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဥဒိန်မင်း၏၊ အံ့ချင်းရောင်မောင်း၊ စောင်းကိုတောင်း၍ ၊ ပျော်ကြောင်းတီးတော် မူတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၈
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ စောင်းကိုလည်းယူ၊ တီးတော်မူသည်၊ ဘယ်သူမနာ၊ ချင်အံ့နည်းလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၇၉
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ စောင်းကိုလှမ်းယူ၊ တီးတော်မူက၊ ဆင်ဖြူအများ၊ တို့ဘုရားသို့၊ ဝတ်တွားညွတ်ခ၊ ရောက်လှာကြသော်၊ သွယ်ကျစီးယို၊ မုန်စိုခပ်သောက်၊ ပေါက်ရောက်လှခိုင်း၊ သမိုင်းကျမ်းဝင်၊ ထောင်ကျော်ဆင်ကို၊ ရင်ပြင်ရှေ့ဝယ်၊ ထွတ်ဘုန်းကြွယ်သည်၊ ရွေးချယ်စီးတော်မူတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၈၀
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဆဒ္ဓါန်မာတင်၊ မြေတွင်ပရပ်၊ မုန်ဘတ်ဘတ်နှင့်၊ ဆွဲလျှင်အောင်သား၊ တင့်ဆန်းပြားတိ၊ သကြားယိုးဆို၊ စိမ်းစိမ်းညိုမျ၊ စွမ်းကိုသန်ကြိင်း၊ တပိုင်းမြမြ၊ စကြာရလျင်၊ ချုပ်ညဆည်းစာ၊ ရစ်ဝဲလှာသည်၊ သူဇာသို့လော၊ မယ်သို့လောာလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၈၁
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ ဆင်ကသက်ပြန်၊ လျင်ထန်ငှက်မျှ၊ အောင်းညိုမြကို၊ ရွှေကရွှေကြိုး၊ လျှံဖြိုးစီရစ်၊ ကျစ်လစ်ထူးခြား၊ အောင်းသားမြေရှည့်၊ လမ်းခွင်ပြည့်မျှ၊ ငဲ့လှည့်စိုးနွံ၊ ရွှေလှံကိုင်မှ၊ ရေစုံချသည်၊ သူဇာ့မောင်လော၊ မယ့်မောင်လောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၈၂
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ အရှေ့ပြုပ္ပါ၊ တောင်ထွတ်ချာက၊ ရတနာဇောတ၊ ပျံလှာကျသည်၊ ကောက်ရမည်လည်း၊ ရွှေပြည်သခင်၊ ဘုရင်မျာ့းမင်း၊ မှန်ကင်းထားပြီး၊ ထွတ်ဘုန်းကြီးက၊ ဘမ်းဆီးလာမည်၊ မယ်ကြောက်သည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
ရဝေရှင်ထွေးဆို အန်ချင်း - ၈၃
ရဝေရှင်ထွေး
အန်ချင်း
modernized
စောလေ။ ။ မပျော်မွေ့၍၊ ယနေ့ဆင်စည်၊ စကားရှည်ကြောင်း၊ စီလျည်သင့်စွာ၊ အန်ချင်းစာကို၊ ထောက်ပါသည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။
Eras of Myanmar Literature: Taungoo Era

Eras of Myanmar Literature: Taungoo Era (တောင်ငူခေတ် စာပေ)

Welcome to the Taungoo Era (တောင်ငူခေတ်) corpus—the fourth chronological volume of the Eras of Myanmar Literature collection.

This open-access linguistic and literary dataset is meticulously curated and released by the DatarrX Foundation, dedicated to bridging the low-resource language gap for Burmese and regional ethnic languages in modern Artificial Intelligence.

This release contains the currently available collection of curated records. The dataset is not yet a final or exhaustive collection, and additional literary works and historical texts are planned for future updates. The existing records have been curated and analyzed, with an emphasis on maintaining data quality and historical relevance.


About DatarrX

Founded on December 12, 2025, DatarrX is a non-profit, open-source foundation built to solve a critical divide: while Myanmar possesses a profound literary heritage spanning millennia, Burmese and regional ethnic languages remain dangerously underrepresented in modern language models and AI systems.

Under our guiding doctrine, "Defining the Unknown through Rigorous Data Research," we systematically engineer clean, machine-ready corpora so that native AI tools can be developed and utilized by anyone, completely free.


The Lyrical Zenith of Taungoo Literature

Spanning from 1510 to 1752 CE, the Taungoo Dynasty was an era of unprecedented military expansion and imperial grandeur, which in turn catalyzed a golden age of exquisite courtly poetry.

In the history of Myanmar literature, the Taungoo Era represents the mastery of lyrical emotion and courtly verse:

  • The Reign of Yadu (ရတု): Master poets and royalty—most notably Natshinnakung (Prince Nat Shin Naung) and Pyi Nawadegyī—elevated the classical Yadu verse form to its absolute peak, expressing intense romantic longing, royal duty, and majestic natural scenery with unmatched metrical precision.
  • The Brilliance of Shin Daw We (ရဝေရှင်ထွေး): The era also immortalized legendary court figures like Shin Daw We, whose celebrated collection of Anchīn (အန်ချင်း) songs forms a vital cornerstone of traditional Myanmar vocal literature and folk-court synthesis.
  • Print Orthography Standardization: Preserved through traditional palm-leaf manuscripts (Pe-sa) and standardized during 20th-century print compilations, this corpus is fully tagged under standard print orthography (orthography: "modernized").

Corpus Overview & Statistical Breakdown

This dataset compiles 98 verified classical works (totaling 504 lines and ~36K characters) across 4 traditional genres, with 100% attributed authorship and 100% genre classification.

Literary Genre Distribution

Genre (စာပေအမျိုးအစား) Count (ပုဒ်ရေ) Percentage (%)
Anchīn (အန်ချင်း) 83 84.7%
Yadu (ရတု) 13 13.3%
Egyin (ဧချင်း) 1 1.0%
Laygyo (လေးချိုး) 1 1.0%
Total 98 100.0%

Prolific Authors in the Corpus

Author (စာဆိုရှင်) Number of Works (လက်ရာအရေအတွက်)
Shin Daw We (ရဝေရှင်ထွေး) 86
Pyi Nawadegyī (ပြည် နဝဒေးကြီး) 9
Natshinnakung (နတ်သျှင်နောင်) 2
Pa-thu-nge-sa Shin Myat Khaung (ပယ်သူငယ်စား ရှင်မြတ်ခေါင်) 1

Data Schema

Each record in data/train.jsonl is formatted in a clean, standardized JSON structure:

Field Type Description
name string စာမူခေါင်းစဉ် (Title of the literary work)
author string စာဆိုရှင် (Attributed poet or author — 100% coverage)
genre string စာပေအမျိုးအစား (Literary genre — 100% coverage)
orthography string စာလုံးပေါင်းသတ်ပုံစနစ် (modernized)
text string စာမူစာသား (Verified text with original stanza and line breaks)

The Eras of Myanmar Literature Series

The Eras of Myanmar Literature initiative seeks to systematically collect, preserve, and digitize the textual heritage of Myanmar across its major historical epochs:

  1. Bagan Era (ပုဂံခေတ်) — DatarrX/my-era-bagan
  2. Pinya Era (ပင်းယခေတ်) — DatarrX/my-era-pinya
  3. Inwa Era (အင်းဝခေတ်) — DatarrX/my-era-inwa
  4. Taungoo Era (တောင်ငူခေတ်) — [This Dataset]
  5. Nyaungyan Era (ညောင်ရမ်းခေတ်) — DatarrX/my-era-nyaungyan
  6. Konbaung Era (ကုန်းဘောင်ခေတ်) — DatarrX/my-era-konbaung

By converting fragile, scattered historical literature into standard JSONL datasets, DatarrX aims to bridge classical humanities scholarship with computational linguistics, natural language processing, and open AI research.


Attribution & License

Curated and released by Khant Sint Heinn (Kalix Louis) under the DatarrX Foundation.

This work is licensed under a Creative Commons Attribution 4.0 International License (CC BY 4.0). You are free to share, adapt, and build upon this dataset for academic, historical, or technical purposes, provided appropriate attribution is given to the DatarrX Foundation.

Downloads last month
49

Collection including DatarrX/my-eras-taungoo